အသိပေးထုတ်ပြန်ခြင်း

( ၂၀၂၆ - ၂၀၂၇ ) ပညာသင်နှစ် ထာဝရကိုယ်ပိုင်အထက်တန်းကျောင်း၏ စာသင်ချိန် အချိန်ဇယား

လေးစားရပါသော မိဘများခင်ဗျာ ( ၂၀၂၆ – ၂၀၂၇ ) ပညာသင်နှစ် ထာဝရကိုယ်ပိုင်အထက်တန်းကျောင်း၏ စာသင်ချိန် အချိန်ဇယားသည် ပညာရေးဝန်ကြီးဌာနမှ အသိပေးညွှန်ကြားချက်အရ တစ်နေ့တာ စာသင်ချိန် (၈) နာရီ ချိန်ဖြစ်ပြီး နံနက် (၉:၀၀) နာရီမှ ညနေ (၃:၃၀) နာရီခွဲအထိ သင်ကြားရန် ညွှန်ကြားထားပါသည်။ သို့ဖြစ်ပါ၍ KG မှ G – 3 အတန်းထိ နံနက် (၉:၀၀)နာရီမှ ညနေ (၃:၀၀)နာရီအထိဖြစ်ပြီး G – 4 မှ G – 12 အထိကို နံနက် (၉:၀၀)နာရီမှ ညနေ (၃:၃၀) နာရီမိနစ်အထိ သင်ကြားသွားမည်ဖြစ်ပြီး (၂၂-၆-၂၀၂၆) တနင်္လာနေ့မှ စတင်၍ အချိန်ဇယားပြောင်းလဲသွားမည်ဖြစ်ကြောင်း အိမ်ကြိုမိဘများ ဖယ်ရီမိဘများ သိရှိစေရန် အသိပေးကြေငြာအပ်ပါသည်။